Samsung Advanced Institute of Technology (SAIT) မှ ‘graphene’ ball လိုခေါ်တဲ့ Battery ကိုတည်ထွင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီ ‘graphene’ ball Battery ဟာ ယခု စမတ်ဖုန်းတွေမှာ အသုံးပြုကြတဲ့
lithium-ion batteries(Li-ion) တွေထက် ငါးဆ ပိုမယ်မြန်ဆန်မယ်လို့ သိရပါတယ်။
Li-ion Battery တွေကို အခုခေတ် စမတ်ဖုန်းတော်တော်များများမှာ အသုံးပြုလာကြပါပြီ။ အဲဒီ Li-ion Battery တွေဟာ Fully-Charge အထိ အားပြည့်နိုင်ဖို့အတွက် အချိန် တစ်နာရီလောက် လိုအပ်ပါတယ်။
အခု ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ Graphene မှာတော့ အားပြည့်ဖို့အတွက် ၁၂မိနစ်သာ ကြာမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment