US Brand တစ်ခုဖြစ်တဲ့ နာမည်ကြီး Company - Dell ဟာ အရင် သုံးနှစ်ခန့်က ထုတ်ထားတဲ့ XPS 13 ကို အသစ်ပြန်လည်မွန်းမံပြီး ထုတ်လိုက်ပါတယ်။ Display အနေနဲ့ Full-size(မှန်အပြည့်)ဖြစ်ပြီး 13 inch ရှိပါတယ်။ သယ်ရလွယ်ကူရန်အတွက်လည်း 11 inch model ပါ ထုတ်ထားပါသေးတယ်။
Dell ဟာ XPS 13 ကို ခဏခဏ update လုပ်ပြီး အသစ်ထုတ်နေ
ခဲ့တာပါ။ Processor များ အဆင့်မြှင့်တင်ခြင်း၊ Port များ
အသစ်ထည့်သွင်းခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။ XPS 15 ဟာ ဆိုရင်လည်း အလွန်
Powerful ဖြစ်တဲ့ Computer တစ်လုံးဖြစ်ခဲ့ပါတယ်။
High
Resolution (3200 x 1800) ကို အသုံးပြုထားပြီး
လက်နဲ့တို့ထိအသုံးပြုနိုင်မယ့် Touch Display ကို အသုံးပြုထားပါတယ်။
Trackpad ရဲ့ ဘယ်ဘက်မှာ Fingerprint Scanner ကို ထည့်သွင်းထားပါသေး တယ်။
USB Type-C လည်း ပါဝင်လာပါသေးတယ်။
Intel ရဲ့ နောက်ဆုံးထွက်
Processor eighth-generation Core i7 ကို အသုံးပြုထားပြီး RAM ကတော့ 16GB
ပါဝင်ပါတယ်။ Lenovo ရဲ့ Yoga 920 နဲ့ အနည်းငယ်တူနေတာကိုလည်း တွေ့ရမှာပါ။
front-facing camera ကို Display ရဲ့ ဘယ်ဘက်အောက်ထောင့်မှာ
ထည့်သွင်းထားတာကလည်း ထူးဆန်းနေပါတယ်။ အခြား ပြိုင်ဘက်တွေဖြစ်တဲ့ Microsoft
နဲ့ HP တို့ရဲ့ Laptop တွေမှာတော့ Display အပေါ်ဖက်မှာ ထည့်သွင်းကြတာကြောင့်
ဘယ်ဟာနဲ့မှ မတူတဲ့ Design ဖြစ်လာပါတယ်။
နည်းပညာဆိုင်ရာ သတင်းတွေကို Facebook မှာ ဖတ်ရှုချင်ရင်တော့ ဒီမှာ Like&Follow လုပ်ပေးပါ။ ဒီ blogsite လေးကိုလည်း Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
No comments:
Post a Comment