(Zawgi)
#TechNewsArea
----------
(Unicode)
Tizen OS 3.0 နဲ့ ထွက်လာမယ့် Samsung Z4
Samsung က Tizen OS 3.0 ကို အသုံးပြုထားတဲ့ Samsung Z4 ထွက်မယ့် သတင်းများ ထွက်ပေါ်လာပါတယ်။ Screen Size ကတော့ 4.5 လက်မရှိပြီး ဈေးကွက်ထဲက အခြားဖုန်းများထက် သေးငယ်အောင် ထုတ်လုပ်ထားတာပါ။ Display ကတော့ 480 x 800px resolution ဖြစ်ပြီး 2.5D curved glass ကို အသုံးပြုထားတာကြောင့် 2017 မှာ ထွက်တဲ့ စမတ်ဖုန်းများလို ဖုန်းမှန်မျက်နှာပြင် ဘေးစွန်းလေးတွေမှာ အနည်းငယ် ကွေးညွတ်နေပါမယ်။ Ram 1 GB နဲ့ processor အနေနဲ့ quadcore 1.5 GHz ကို အသုံးပြုထားပါတယ်။ Sefile camera နဲ့ Main camera နှစ်ခုလုံး 5MP ဖြစ်ပြီးတော့ Sefile မှာ flash မီးတစ်ခု၊ main camera ရဲ့ဘေးမှာ flash မီး နှစ်ခု ပါဝင်လာမှာပါ။ Camera ရဲ့ feature တွေအနေနဲ့ gesture & vioce control ပါဝင်ဦးမှာပါ။ 4G အသုံးပြုလို့ရမှာဖြစ်ပြီး VOLTE နဲ့ Vo Wi-Fi တို့ကိုလည်း support လုပ်ပေးထားပါတယ်။ India မှာ စတင်ရောင်းချပေးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း ရောင်းချပေးမယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။
ကျွန်တော့်ရဲ့ ဘလော့ဆိုဒ် (Blog site) ဖြစ်တဲ့
http://yeyan-ngape.blogspot.com မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
Blogsite ကို follow လုပ်ပြီးလည်း လေ့လာနိုင်ပါတယ်။
#TharNoeAung (www.facebook.com/yeyan-ngape)
#ThantSinToe (www.facebook.com/moeyanhein-ngape)
#TechNewsArea
Are you looking for free Google+ Circles?
ReplyDeleteDid you know you can get these ON AUTOPILOT & TOTALLY FOR FREE by registering on Add Me Fast?