Sunday, May 14, 2017

Samsung J7 Max leaked

(Zawgi)




#TechNewsArea
#J7Max
_______________

(Unicode)

Samsung မှ အသစ်ထွက်လာမယ့် J7 Max

နာမည်ကြီး Samsung company ကတော့ Mid-range စမတ်ဖုန်းတစ်လုံး ထပ်မံရောင်းချဖို့ စီစဉ်နေပါတယ်။ လတ်တလော နာမည်ရလာတဲ့ J series ထဲကဖြစ်ပြီး J7 max လို့ အမည်ပေးထားပါတယ်။ screen size အနေနဲ့ 5.7 လက်မရှိမှာဖြစ်ပြီး Amoled display မဟုတ်ပဲ FHD TFT display ကို အသုံးပြုထားတာကတော့ user တွေအနေနဲ့ ဝယ်ဖို့ စိတ်အနည်းငယ်ထစ်နေပါလိမ့်မယ်။ ဒါပေမယ့် RAM 4GB နဲ့ Internal memory 32GB ပါဝင်တာကြောင့် အကြိုက်တွေ့စေမှာပါ။ processor အနေနဲ့ 1.6GHz octa-core MediaTek MT6757V processor ကို အသုံးပြုထားပါတယ်။ ရှေ့နောက် camera နှစ်ခုလုံးဟာ 13MP တွေဖြစ်ပြီး ကျောဘက်ကင်မရာကတော့ f/1.7 aperture , sefile camera ကတော့ f/1.9 aperture ဖြစ်ပါတယ်။ sefile flash ရော ပါဝင်လာဦးမှာပါ။ Android 7.0 ကို အသုံးပြုထားပြီးတော့ Samsung Pay Mini ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Galaxy J7 Max ကို Jun လ ပထမပတ်မှာ ရောင်းချပေးမှာဖြစ်ပြီး $250-$300 အတွင်းကျသင့်မှာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ဘလော့ဆိုဒ် (Blog site) ဖြစ်တဲ့
http://yeyan-ngape.blogspot.com မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
Blogsite ကို follow လုပ်ပြီးလည်း လေ့လာနိုင်ပါတယ်။
ဒီ page လေးမှာ နည်းပညာဆိုင်ရာ သတင်းများ၊ application များ၊ game များ တင်ပေးသွားမှာဖြစ်ပါတယ်။ page အသစ်လေးဖြစ်တာကြောင့် Like လုပ်ပေးခဲ့ကြပါဦးခင်ဗျ။

#TechNewsArea
#J7Max

No comments:

Post a Comment