{Zawgi}
------------
Gionee S10
------------
Gionee S10B
--------------
Gionee S10C
------------
Ref,gsmarena
#TechNewsArea
#GioneeS10
----------********------******
{Unicode}
Gionee မှ အသစ်ထွက်လာတဲ့ စမတ်ဖုန်း 3 လုံး(S10, S10B and S10C)
Gionee ကတော့ သူတို့ရဲ့ S series စမတ်ဖုန်း အသစ် ၃လုံးကို ထုတ်ဖော်လိုက်ပါတယ်။ Higher-end ဖုန်းတစ်လုံးဖြစ်တဲ့ Gionee S10, middle-child စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ S10B နဲ့ entry level စမတ်ဖုန်း S10C တို့ပဲဖြစ်ပါတယ်။
------------
Gionee S10
Gionee S10 ဟာ အလွန်ကောင်းမွန်တဲ့ ပုံစံနဲ့ ထွက်လာပါတယ်။ စုစုပေါင်း Camera 4 လုံး ပါဝင်လာပြီး sefile မှာ camera 2 လုံး၊ ကျောဘက်မှာ camera 2 လုံး ပါဝင်လာတာပါ။ ကျောဘက် camera နှစ်လုံးကတော့ 16MP/8MP ဖြစ်ပြီး sefile camera နှစ်လုံးကတော့ 20MP/8MP ပါဝင်လာပါတယ်။ Gionee S10 ဟာ မျက်နှာပြင် 5.5inch ရှိပြီး 1080p LCD 2.5D curved glass ကို အသုံးပြုထားပါတယ်။ RAM 6GB နဲ့ processor အနေနဲ့ MediaTek Helio P25 chipset , octa-core processor ကို အသုံးပြုထားပါတယ်။ Battery capacity ကတော့ 3,450mAh ပါဝင်လာမှာပါ။ Gionee S10 ကို Cherry Gold, Dark Black, Indigo Blue နဲ့ Primrose Green အရောင်(၄)မျိုး ဝယ်ယူနိုင်မှာဖြစ်ပြီး USD 378$ နဲ့ June 9 မှာ တရုတ်ပြည်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
------------
Gionee S10B
Gionee S10B ကတော့ ကျောဘက် မှာ Dual camera 13MP/5MP ပါဝင်လာပြီး sefile camera ကတော့ 16MP တစ်လုံးသာ ပါဝင်ပါတယ်။ မျက်နှာပြင် 5.5 လက်မ ရှိပြီး 1080p LCD ကို အသုံးပြုထားပါတယ်။ RAM 4GB ပါဝင်လာပြီး Helio P10 chipset ကို အသုံးပြုထားပါတယ်။ Battery ကတော့ 3,700mAh ပါဝင်လာပြီး S10 ထက် ပိုများတာ တွေ့ရပါတယ်။ USD 320$ နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။
--------------
Gionee S10C
S10C မှာတော့ Dual camera ပါဝင်လာခြင်း မရှိပါဘူး။ ကျောဘက် 13MP နဲ့ sefile 16MP camera ပါဝင်လာပါတယ်။ RAM ကတော့ 4GB ပါဝင်လာပြီး Snapdragon 427 chip ကို အသုံးပြုလာပါတယ်။ Battery capacity ကတော့ 3100mAh ပါဝင်လာပါတယ်။ USD 233$ နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။
------------
S10,S10B,S10C ၃လုံးလုံး fingerprint scanner ပါဝင်လာမှာပါ။ သုံးခုစလုံး Android 7.0 Nougat ကို အသုံးပြုထားပါတယ်။
Ref,gsmarena
ကျွန်တော်တို့ရဲ့ ဘလော့ဆိုဒ် (Blog site) ဖြစ်တဲ့
http://yeyan-ngape.blogspot.com မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
Blogsite ကို follow လုပ်ပြီးလည်း လေ့လာနိုင်ပါတယ်။
ဒီ page လေးမှာ နည်းပညာဆိုင်ရာ သတင်းများ၊ application များ၊ game များ တင်ပေးသွားမှာဖြစ်ပါတယ်။ page အသစ်လေးဖြစ်တာကြောင့် Like&share လုပ်ပေးခဲ့ကြပါဦးခင်ဗျ။
#TechNewsArea
#GioneeS10