အကွေးညွတ်ဆုံး Screen, Dual cameras နဲ့ ထွက်လာတဲ့ Huawei Honor Magic
တရုတ်စမတ်ဖုန်း company Huawei ကတော့ အကွေးညွတ်ဆုံး smart phone ကို ပြသခဲ့ပါတယ်။ 5.09 လက်မ ရှိတဲ့ screen size နဲ့ဖြစ်ပြီး Samsung ဖုန်းတွေမှာ အသုံးများတဲ့
AMOLED(QHD resolution) display ကို အသုံးပြုထားပါသေးတယ်။ 7.8mm ထူပြီး အလေးချိန်145g ရှိတဲ့ Huawei Honor Magic ဟာ Golden Black နဲ့ Porcelain White ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်လာမှာပါ။ ကျောဘက် camera 12MP (Dual camera with an f/2.2 aperture) နဲ့ sefile camera 8MP (f/2.0) ပါဝင်လာမှာဖြစ်ပါတယ်။ RAM 4GB နဲ့ Internal Memory 64GB ထည့်သွင်းထားပြီး Android Version ကတော့ 6.0(Marshmallow) ဖြစ်ပါတယ်။ Processor အနေနဲ့ octa-core processor ကိုအသုံးပြထားပါတယ်။ Samsung ဖုန်းများကဲ့သို့ Home Key ထည့်သွင်းထားပြီး Home Key မှာပဲ fingerprint ကို ထည့်သွင်းထားပါတယ်။
Battery Capacity 2,900mAh ဖြစ်ပြီး Huawei Magic Power charger ကို ထည့်သွင်းလာပါတယ်။ နာရီဝက် (မိနစ်၃၀) အတွင်း (90%), မိနစ် 20 အတွင်း (70%), 10 မိနစ်အတွင်း 40% အထိ လျှင်မြန်စွာ အားသွင်းလို့ရမှာဖြစ်ပါတယ်။ $530 နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာတော့ pre-order မှာလို့ရနေပြီလို့ ဖော်ပြထားပါတယ်။
Ref, gsmarena
Yè Yan
Posted via Blogaway
No comments:
Post a Comment