Friday, December 9, 2016

Samsung Galaxy Note 7 News

Samsung Galaxy Note 7 News

Samsung ဟာ သေးငယ်တဲ့ battery ဖွဲ့စည်းမှုကြောင့် ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ Galaxy Note 7 ကို ငွေပေးကာပြန်လည် သိမ်းဆည်းခဲ့ပါတယ်။ ဒါပေမယ့် တချို့သော့ user တွေကတော့ Galaxy Note 7 ရဲ့ စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့ fast charging စနစ်ပါဝင်တာကြောင့် ပြန်မအပ်ပဲ သုံးစွဲနေကြပါတယ်။ ထို့ကြောင့် Samsung company က Note7 ကို ထိုသူများထံမှ သိမ်းဆည်းရန် နည်းအမျိုးမျိုးနဲ့ ပြုလုပ်လာပါတယ်။ အရင်တနေ့က ထွက်လာတဲ့ သတင်းတွေအရ Samsung ဟာ Galaxy Note7 မှာ Internet သုံးစွဲလို့မရအောင် ပြုလုပ်မယ်လို့ The Verge မှာ ဖော်ပြထားပါတယ်။ Wifi နဲ့ Bluetooth တို့ကိုလည်း အသုံးပြုလို့မရအောင် လုပ်သွားမှာပါ။ ဒီနေ့ထွက်လာတဲ့ သတင်းတွေအရလည်း Galaxy Note 7 ကို Battery အားသွင်းမယ်ဆိုရင် 60% ထိပဲ သွင်းလို့ရအောင် ပြုလုပ်မယ်လို့ သိရပါတယ်။

Yè Yan


Posted via Blogaway

No comments:

Post a Comment