Friday, December 16, 2016

Battery Capacity 20000mAh/Quick Charge 3.0 နဲ့ အသစ်ထွက်လာတဲ့ Xiaomi Power Bank

Battery Capacity 20000mAh/Quick Charge 3.0 နဲ့ အသစ်ထွက်လာတဲ့ Xiaomi Power Bank

MI Power Bank ဟာ ဖုန်းနဲ့ tablet တော်တော်များများကို support လုပ်မှာဖြစ်ပါတယ်။ Apple မှ ထွက်တဲ့ နောက်ဆုံးပေါ် MacBook တွေကိုတောင်မှ အားပြန်သွင်းလို့ရမှာ ဖြစ်ပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

အကွေးညွတ်ဆုံး Screen, Dual cameras နဲ့ ထွက်လာတဲ့ Huawei Honor Magic

အကွေးညွတ်ဆုံး Screen, Dual cameras နဲ့ ထွက်လာတဲ့ Huawei Honor Magic

တရုတ်စမတ်ဖုန်း company Huawei ကတော့ အကွေးညွတ်ဆုံး smart phone ကို ပြသခဲ့ပါတယ်။ 5.09 လက်မ ရှိတဲ့ screen size နဲ့ဖြစ်ပြီး Samsung ဖုန်းတွေမှာ အသုံးများတဲ့
AMOLED(QHD resolution) display ကို အသုံးပြုထားပါသေးတယ်။ 7.8mm ထူပြီး အလေးချိန်145g ရှိတဲ့ Huawei Honor Magic ဟာ Golden Black နဲ့ Porcelain White ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်လာမှာပါ။ ကျောဘက် camera 12MP (Dual camera with an f/2.2 aperture) နဲ့ sefile camera 8MP (f/2.0) ပါဝင်လာမှာဖြစ်ပါတယ်။ RAM 4GB နဲ့ Internal Memory 64GB ထည့်သွင်းထားပြီး Android Version ကတော့ 6.0(Marshmallow) ဖြစ်ပါတယ်။ Processor အနေနဲ့ octa-core processor ကိုအသုံးပြထားပါတယ်။ Samsung ဖုန်းများကဲ့သို့ Home Key ထည့်သွင်းထားပြီး Home Key မှာပဲ fingerprint ကို ထည့်သွင်းထားပါတယ်။
Battery Capacity 2,900mAh ဖြစ်ပြီး Huawei Magic Power charger ကို ထည့်သွင်းလာပါတယ်။ နာရီဝက် (မိနစ်၃၀) အတွင်း (90%), မိနစ် 20 အတွင်း (70%), 10 မိနစ်အတွင်း 40% အထိ လျှင်မြန်စွာ အားသွင်းလို့ရမှာဖြစ်ပါတယ်။ $530 နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာတော့ pre-order မှာလို့ရနေပြီလို့ ဖော်ပြထားပါတယ်။

Ref, gsmarena

Yè Yan


Posted via Blogaway

Friday, December 9, 2016

Samsung Galaxy Note 7 News

Samsung Galaxy Note 7 News

Samsung ဟာ သေးငယ်တဲ့ battery ဖွဲ့စည်းမှုကြောင့် ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ Galaxy Note 7 ကို ငွေပေးကာပြန်လည် သိမ်းဆည်းခဲ့ပါတယ်။ ဒါပေမယ့် တချို့သော့ user တွေကတော့ Galaxy Note 7 ရဲ့ စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့ fast charging စနစ်ပါဝင်တာကြောင့် ပြန်မအပ်ပဲ သုံးစွဲနေကြပါတယ်။ ထို့ကြောင့် Samsung company က Note7 ကို ထိုသူများထံမှ သိမ်းဆည်းရန် နည်းအမျိုးမျိုးနဲ့ ပြုလုပ်လာပါတယ်။ အရင်တနေ့က ထွက်လာတဲ့ သတင်းတွေအရ Samsung ဟာ Galaxy Note7 မှာ Internet သုံးစွဲလို့မရအောင် ပြုလုပ်မယ်လို့ The Verge မှာ ဖော်ပြထားပါတယ်။ Wifi နဲ့ Bluetooth တို့ကိုလည်း အသုံးပြုလို့မရအောင် လုပ်သွားမှာပါ။ ဒီနေ့ထွက်လာတဲ့ သတင်းတွေအရလည်း Galaxy Note 7 ကို Battery အားသွင်းမယ်ဆိုရင် 60% ထိပဲ သွင်းလို့ရအောင် ပြုလုပ်မယ်လို့ သိရပါတယ်။

Yè Yan


Posted via Blogaway

Tuesday, December 6, 2016

Huawei မှ AMOLED display နဲ့ ထွက်လာပြန်တဲ့ Huawei Enjoy6S

Huawei မှ AMOLED display နဲ့ ထွက်လာပြန်တဲ့ Huawei Enjoy6S

Huawei Enjoy 6S ဟာ screen size 5"( 720p display) နဲ့ ထွက်လာပါတယ်။ Ram3GB, 1.4 GHz octa-core Cortex-A53 CPU ဖြစ်ပြီး Internal Storage ကတော့ Enjoy6 ရဲ့ နှစ်ဆ 32GB ဖြစ်လာပါတယ်။ ကျောဘက် camera ကတော့ 13MP(f/2.2 aperture) ဖြစ်ပြီး sefile camera ကတော့ 5MP ဖြစ်ပါတယ်။ Enjoy6s ရဲ့ Battery ကတော့ 3,020 mAh ဖြစ်ပြီး Enjoy6 ရဲ့ battery ကအောက် နည်းလာတာ တွေ့ရပါတယ်။ Enjoy6 ရဲ့ battery ကတော့ 4100mAh ဖြစ်ပါတယ်။ Dual-SIM အသုံးပြုလို့ ရမှာပါ။ gold, silver,  white ဆိုပြီး အရောင်သုံးရောင်ထုတ်မှာဖြစ်ပြီး $232 နဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

Sunday, December 4, 2016

Facebook HD video downloader

Facebook HD video downloader

Ooredoo နဲ့ facebook package ဝယ်ပြီး Facebook မှ video တွေကို HD နဲ့ တစ်နေ့ကို 1GB free down လို့ရမယ့် software လေးပါ။ အောက်မှာ download ရယူပါ။

 Download Here 


Posted via Blogaway

Friday, December 2, 2016

Huawei မှ အသစ်ထွက်လာတဲ့ Huawei Honor 6S

Huawei မှ အသစ်ထွက်လာတဲ့ Huawei Honor 6S

Huawei ဟာ December ပထမပတ်မှာတော့ Honor6X နဲ့ ပုံစံတူတဲ့ စမတ်ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ Honor 6S လို့ အမည်ပေးထားပြီးတော့ 120$ ဝန်းကျင်နဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ FullHD display နဲ့ဖြစ်ပြီး screen size ကတော့ 5.5 လက်မ ရှိပါတယ်။ 4G အသုံးပြုလို့ရမှာဖြစ်ပြီးတော့ VOLTE ကိုလည်း support လုပ်ထားပါသေးတယ်။ Battery capacity ကတော့ 3340 mAh ပါဝင်လာပါတယ်။

Ref,gsmarena


Posted via Blogaway

Thursday, December 1, 2016

Coolpad မှ အသစ်စစ်စစ်ထွက်လာတဲ့ Coolpad Note3 နဲ့ SIM (၃) ကဒ် ထည့်လို့ရမယ့် Mega 3

Coolpad မှ အသစ်စစ်စစ်ထွက်လာတဲ့ Coolpad Note3 နဲ့ SIM (၃) ကဒ် ထည့်လို့ရမယ့် Mega 3

Coolpad ဟာ December လ ပထမပတ်မှာတော့ စမတ်ဖုန်း အသစ်နှစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Coolpad Note 3S နဲ့ triple-SIM (ဆင်းကဒ် သုံးကဒ် သုံးလို့ရပါတယ်) Coolpad Mega 3 ဆိုပြီး ထွက်လာပါတယ်။

Coolpad Note3S

Coopad ရဲ့ Note3S ကတော့ 720p display နဲ့ဖြစ်ပြီး screen size ကတော့ 5.5 လက်မ ရှိပါတယ်။ Qualcomm Snapdragon 415 processor, 3GB RAM နဲ့ Internal Storage ကတော့ 32GB ဖြစ်ပါတယ်။ ကျောဘက် ကင်မရာ 13MP ဖြစ်ပြီး sefile camera ကတော့ 5MP ဖြစ်ပါတယ်။ Cool UI 8.0 ကိုထည့်သွင်းထားပါတယ်။ Android version 6.0, 2500mAh battery နဲ့ fingerprint လည်း ပါလာမှာပါ။ Sim Card နှစ်ကဒ် အသုံးပြုလို့ရမှာပါ။

Coolpad Mega 3

Coolpad ရဲ့ Mega3 ကလည်း 720p display နဲ့ဖြစ်ပြီး screen size 5.5 လက်မပဲ ဖြစ်ပါတယ်။ MediaTek MT6737 processor, 2GB RAM နဲ့ Internal Memory 16GB ဖြစ်ပါတယ်။ ကျောဘက် camera နဲ့ sefile camera နှစ်ခုလုံး 13MP တွေ ဖြစ်ပါတယ်။ Battery 3050mAh ဖြစ်ပြီး Android version 6.0 ကို ထည့်ထားသွင်းတာပါ။ SIM card (၃)ကဒ် ထည့်သွင်း အသုံးပြုလို့ ရမှာပါ။

Ref,gsmarena

Yè Yan


Posted via Blogaway

ဒေတာသုံးစွဲမှုကို လျော့ချပေးမယ့် software

ဒေတာသုံးစွဲမှုကို လျော့ချပေးမယ့် software

2016 မှာ ထွက်တဲ့ samsung ဖုန်းအများစုမှာ Ultra data saving mode ဆိုပြီးတော့ပါလာပါတယ်။ Ultra data saving mode က ဒေတာကုန်ကျမှုကို (၃၀%) သက်သာစေတယ်လို့ samsung က ပြောထားပါတယ်။ ဒီလိုမျိုး Ultra data saving mode မပါတဲ့ samsung ဖုန်းတွေမှာ အခုတင်တဲ့ software လေးကိုထည့်ပြီး data saving လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Galaxy E500H(5.1.1 lollipop) မှာ စမ်းကြည့်ထားတာပါ။ software က 7.18 MB သာ ရှိပါတယ်။ စမ်းသုံးကြည့်ချင်ရင် အောက်မှာ download ရယူပါ။

Download Here 

Yè Yan


Posted via Blogaway