Friday, December 16, 2016

Battery Capacity 20000mAh/Quick Charge 3.0 နဲ့ အသစ်ထွက်လာတဲ့ Xiaomi Power Bank

Battery Capacity 20000mAh/Quick Charge 3.0 နဲ့ အသစ်ထွက်လာတဲ့ Xiaomi Power Bank

MI Power Bank ဟာ ဖုန်းနဲ့ tablet တော်တော်များများကို support လုပ်မှာဖြစ်ပါတယ်။ Apple မှ ထွက်တဲ့ နောက်ဆုံးပေါ် MacBook တွေကိုတောင်မှ အားပြန်သွင်းလို့ရမှာ ဖြစ်ပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

အကွေးညွတ်ဆုံး Screen, Dual cameras နဲ့ ထွက်လာတဲ့ Huawei Honor Magic

အကွေးညွတ်ဆုံး Screen, Dual cameras နဲ့ ထွက်လာတဲ့ Huawei Honor Magic

တရုတ်စမတ်ဖုန်း company Huawei ကတော့ အကွေးညွတ်ဆုံး smart phone ကို ပြသခဲ့ပါတယ်။ 5.09 လက်မ ရှိတဲ့ screen size နဲ့ဖြစ်ပြီး Samsung ဖုန်းတွေမှာ အသုံးများတဲ့
AMOLED(QHD resolution) display ကို အသုံးပြုထားပါသေးတယ်။ 7.8mm ထူပြီး အလေးချိန်145g ရှိတဲ့ Huawei Honor Magic ဟာ Golden Black နဲ့ Porcelain White ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်လာမှာပါ။ ကျောဘက် camera 12MP (Dual camera with an f/2.2 aperture) နဲ့ sefile camera 8MP (f/2.0) ပါဝင်လာမှာဖြစ်ပါတယ်။ RAM 4GB နဲ့ Internal Memory 64GB ထည့်သွင်းထားပြီး Android Version ကတော့ 6.0(Marshmallow) ဖြစ်ပါတယ်။ Processor အနေနဲ့ octa-core processor ကိုအသုံးပြထားပါတယ်။ Samsung ဖုန်းများကဲ့သို့ Home Key ထည့်သွင်းထားပြီး Home Key မှာပဲ fingerprint ကို ထည့်သွင်းထားပါတယ်။
Battery Capacity 2,900mAh ဖြစ်ပြီး Huawei Magic Power charger ကို ထည့်သွင်းလာပါတယ်။ နာရီဝက် (မိနစ်၃၀) အတွင်း (90%), မိနစ် 20 အတွင်း (70%), 10 မိနစ်အတွင်း 40% အထိ လျှင်မြန်စွာ အားသွင်းလို့ရမှာဖြစ်ပါတယ်။ $530 နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာတော့ pre-order မှာလို့ရနေပြီလို့ ဖော်ပြထားပါတယ်။

Ref, gsmarena

Yè Yan


Posted via Blogaway

Friday, December 9, 2016

Samsung Galaxy Note 7 News

Samsung Galaxy Note 7 News

Samsung ဟာ သေးငယ်တဲ့ battery ဖွဲ့စည်းမှုကြောင့် ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ Galaxy Note 7 ကို ငွေပေးကာပြန်လည် သိမ်းဆည်းခဲ့ပါတယ်။ ဒါပေမယ့် တချို့သော့ user တွေကတော့ Galaxy Note 7 ရဲ့ စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့ fast charging စနစ်ပါဝင်တာကြောင့် ပြန်မအပ်ပဲ သုံးစွဲနေကြပါတယ်။ ထို့ကြောင့် Samsung company က Note7 ကို ထိုသူများထံမှ သိမ်းဆည်းရန် နည်းအမျိုးမျိုးနဲ့ ပြုလုပ်လာပါတယ်။ အရင်တနေ့က ထွက်လာတဲ့ သတင်းတွေအရ Samsung ဟာ Galaxy Note7 မှာ Internet သုံးစွဲလို့မရအောင် ပြုလုပ်မယ်လို့ The Verge မှာ ဖော်ပြထားပါတယ်။ Wifi နဲ့ Bluetooth တို့ကိုလည်း အသုံးပြုလို့မရအောင် လုပ်သွားမှာပါ။ ဒီနေ့ထွက်လာတဲ့ သတင်းတွေအရလည်း Galaxy Note 7 ကို Battery အားသွင်းမယ်ဆိုရင် 60% ထိပဲ သွင်းလို့ရအောင် ပြုလုပ်မယ်လို့ သိရပါတယ်။

Yè Yan


Posted via Blogaway

Tuesday, December 6, 2016

Huawei မှ AMOLED display နဲ့ ထွက်လာပြန်တဲ့ Huawei Enjoy6S

Huawei မှ AMOLED display နဲ့ ထွက်လာပြန်တဲ့ Huawei Enjoy6S

Huawei Enjoy 6S ဟာ screen size 5"( 720p display) နဲ့ ထွက်လာပါတယ်။ Ram3GB, 1.4 GHz octa-core Cortex-A53 CPU ဖြစ်ပြီး Internal Storage ကတော့ Enjoy6 ရဲ့ နှစ်ဆ 32GB ဖြစ်လာပါတယ်။ ကျောဘက် camera ကတော့ 13MP(f/2.2 aperture) ဖြစ်ပြီး sefile camera ကတော့ 5MP ဖြစ်ပါတယ်။ Enjoy6s ရဲ့ Battery ကတော့ 3,020 mAh ဖြစ်ပြီး Enjoy6 ရဲ့ battery ကအောက် နည်းလာတာ တွေ့ရပါတယ်။ Enjoy6 ရဲ့ battery ကတော့ 4100mAh ဖြစ်ပါတယ်။ Dual-SIM အသုံးပြုလို့ ရမှာပါ။ gold, silver,  white ဆိုပြီး အရောင်သုံးရောင်ထုတ်မှာဖြစ်ပြီး $232 နဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

Sunday, December 4, 2016

Facebook HD video downloader

Facebook HD video downloader

Ooredoo နဲ့ facebook package ဝယ်ပြီး Facebook မှ video တွေကို HD နဲ့ တစ်နေ့ကို 1GB free down လို့ရမယ့် software လေးပါ။ အောက်မှာ download ရယူပါ။

 Download Here 


Posted via Blogaway

Friday, December 2, 2016

Huawei မှ အသစ်ထွက်လာတဲ့ Huawei Honor 6S

Huawei မှ အသစ်ထွက်လာတဲ့ Huawei Honor 6S

Huawei ဟာ December ပထမပတ်မှာတော့ Honor6X နဲ့ ပုံစံတူတဲ့ စမတ်ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ Honor 6S လို့ အမည်ပေးထားပြီးတော့ 120$ ဝန်းကျင်နဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ FullHD display နဲ့ဖြစ်ပြီး screen size ကတော့ 5.5 လက်မ ရှိပါတယ်။ 4G အသုံးပြုလို့ရမှာဖြစ်ပြီးတော့ VOLTE ကိုလည်း support လုပ်ထားပါသေးတယ်။ Battery capacity ကတော့ 3340 mAh ပါဝင်လာပါတယ်။

Ref,gsmarena


Posted via Blogaway

Thursday, December 1, 2016

Coolpad မှ အသစ်စစ်စစ်ထွက်လာတဲ့ Coolpad Note3 နဲ့ SIM (၃) ကဒ် ထည့်လို့ရမယ့် Mega 3

Coolpad မှ အသစ်စစ်စစ်ထွက်လာတဲ့ Coolpad Note3 နဲ့ SIM (၃) ကဒ် ထည့်လို့ရမယ့် Mega 3

Coolpad ဟာ December လ ပထမပတ်မှာတော့ စမတ်ဖုန်း အသစ်နှစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Coolpad Note 3S နဲ့ triple-SIM (ဆင်းကဒ် သုံးကဒ် သုံးလို့ရပါတယ်) Coolpad Mega 3 ဆိုပြီး ထွက်လာပါတယ်။

Coolpad Note3S

Coopad ရဲ့ Note3S ကတော့ 720p display နဲ့ဖြစ်ပြီး screen size ကတော့ 5.5 လက်မ ရှိပါတယ်။ Qualcomm Snapdragon 415 processor, 3GB RAM နဲ့ Internal Storage ကတော့ 32GB ဖြစ်ပါတယ်။ ကျောဘက် ကင်မရာ 13MP ဖြစ်ပြီး sefile camera ကတော့ 5MP ဖြစ်ပါတယ်။ Cool UI 8.0 ကိုထည့်သွင်းထားပါတယ်။ Android version 6.0, 2500mAh battery နဲ့ fingerprint လည်း ပါလာမှာပါ။ Sim Card နှစ်ကဒ် အသုံးပြုလို့ရမှာပါ။

Coolpad Mega 3

Coolpad ရဲ့ Mega3 ကလည်း 720p display နဲ့ဖြစ်ပြီး screen size 5.5 လက်မပဲ ဖြစ်ပါတယ်။ MediaTek MT6737 processor, 2GB RAM နဲ့ Internal Memory 16GB ဖြစ်ပါတယ်။ ကျောဘက် camera နဲ့ sefile camera နှစ်ခုလုံး 13MP တွေ ဖြစ်ပါတယ်။ Battery 3050mAh ဖြစ်ပြီး Android version 6.0 ကို ထည့်ထားသွင်းတာပါ။ SIM card (၃)ကဒ် ထည့်သွင်း အသုံးပြုလို့ ရမှာပါ။

Ref,gsmarena

Yè Yan


Posted via Blogaway

ဒေတာသုံးစွဲမှုကို လျော့ချပေးမယ့် software

ဒေတာသုံးစွဲမှုကို လျော့ချပေးမယ့် software

2016 မှာ ထွက်တဲ့ samsung ဖုန်းအများစုမှာ Ultra data saving mode ဆိုပြီးတော့ပါလာပါတယ်။ Ultra data saving mode က ဒေတာကုန်ကျမှုကို (၃၀%) သက်သာစေတယ်လို့ samsung က ပြောထားပါတယ်။ ဒီလိုမျိုး Ultra data saving mode မပါတဲ့ samsung ဖုန်းတွေမှာ အခုတင်တဲ့ software လေးကိုထည့်ပြီး data saving လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Galaxy E500H(5.1.1 lollipop) မှာ စမ်းကြည့်ထားတာပါ။ software က 7.18 MB သာ ရှိပါတယ်။ စမ်းသုံးကြည့်ချင်ရင် အောက်မှာ download ရယူပါ။

Download Here 

Yè Yan


Posted via Blogaway

Friday, November 4, 2016

Messenger Lite

Messenger Lite

Messenger နှစ်ခု သုံးချင်တဲ့ သူတွေအတွက် Messenger Lite app တင်ပေးလိုက်ပါတယ်။

Download Here 

Yè Yan


Posted via Blogaway

Thursday, November 3, 2016

RAM 4GB , 16 MP selfie camera နဲ့ အသစ်ထွက်လာတဲ့ vivo Y67

RAM 4GB , 16 MP selfie camera နဲ့ အသစ်ထွက်လာတဲ့ vivo Y67

တရုတ်စမတ်ဖုန်း company Viva ဟာ ပြီးခဲ့တဲ့လမှာ X9 ကို ထုတ်လုပ်ခဲ့ပြီး ဒီလမှာတော့ vivo Y67 ဆိုပြီး ထွက်လာပြန်ပါတယ်။ မျက်နှာပြင်ကတော့ 5.5-inch 720p ဖြစ်ပါတယ်။ Camera တွေအနေနဲ့ ကျောဘက် ကင်မရာ 13 MP နဲ့ sefile camera 16MP ဖြစ်တာကြောင့် တခြားသောဖုန်းတွေနဲ့ မတူပဲ sefile camera က ပိုပြီး megapixel များလာတာတွေရပါတယ်။ RAM 4GB နဲ့  internal memory ကတော့ 32GB ဖြစ်ပါတယ်။ Battery 2,930mAh ဖြစ်ပြီး 4G LTE ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့ အလေးချိန်ကတော့ 154g ဖြစ်ပါတယ်။ rose gold နဲ့ champagne gold ဆိုပြီး ရောင်နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ fingerprint sensor ကိုတော့ Home Button မှာ ထည့်သွင်းထားမှာပါ။ November 17 မှာ ရောင်းချပေးမယ်လို့ သိရပါတယ်။

Ref, gsmarena
Yè Yan


Posted via Blogaway

Monday, October 31, 2016

Version အသစ်ထွက်လာတဲ့ PES CLUB MANAGER

Version အသစ်ထွက်လာတဲ့ PES CLUB MANAGER

 Download Here 

Yè Yan


Posted via Blogaway

Xiaomi စမတ်ဖုန်းများ ဦးဆောင်နေတဲ့ တစ်ပါတ်တာ ရေပန်းအစားဆုံး စမတ်ဖုန်း ၁၀ လုံး

1. Xiaomi Mi Mix ကတော့ MI မှ အသစ်ထွက်လာတဲ့ ဖုန်းအသစ်ဖြစ်ပြီး ရေပန်းအစားဆုံးနေရာကို ပိုင်ဆိုင်ထားတာပါ
2. Xiaomi Redmi Note 3 ကတော့ အရင်တစ်ပတ်ကရော ယခုတစ်ပါတ်ရောပါ ဒုတိရေပန်းအစားဆုံးနေရာကို ပိုင်ဆိုင်ထားပါတယ်
3. Samsung Galaxy J7 (2016) ကတော့ အရင်ရေပန်းအစားဆုံး နံပါတ် ၁ နေရာမှာ ရှိနေပြီး ယခုတစ်ပါတ်တော့ MI စမတ်ဖုန်းတွေရဲ့ လူကြိုက်များမှုကြောင့် နံပါတ် ၃ နေရာကို ဆင်းလာရပါတယ်
4. Samsung Galaxy J7 Prime ကတော့ အရင်တစ်ပါတ်က တတိယနေရာမှာ ရှိနေပြီး ဒီတစ်ပါတ်တော့ နံပါတ် ၄ နေရာကို ရောက်လာခဲ့ပါတယ်
5. အသစ်ထွက်လာတဲ့ Xiaomi Mi Note 2 ကတော့ ရေပန်းအစားဆုံး နံပါတ် ၅ နေရာကို ရောက်လာပါတယ်။
6. Xiaomi Redmi 3s Prime ကတော့ အရင် စတုတ္ထနေရာမှာ ရှိနေပြီး အဆင့် ၆ အထိ ကျဆင်းလာပါတယ်
7. Apple ရဲ့ iPhone 7 ကတော့ အဆင့် ၅ မှ ၇ အထိ ကျဆင်းလာပြန်ပါတယ်
8. Samsung Galaxy J5 (2016) ကတော့ ရေပန်းအစားဆုံး နံပါတ် ၉ နေရာကနေ နံပါတ် ၈ ကို တက်လာပါတယ်
9. Motorola Moto G4 Plus ကတော့ ဆဋ္ဌမနေရာကနေ အဆင့် ၉ နေရာကို ကျဆင်းလာပါတယ်
10. Samsung Galaxy S7 edge ကတော့ အဆင့် 8 ကနေ 10 နေရာကို ကျဆင်းလာတာပါ

Xiaomi စမတ်ဖုန်းများ ဦးဆောင်နေတဲ့ တစ်ပါတ်တာ ရေပန်းအစားဆုံး စမတ်ဖုန်း ၁၀ လုံး

Ref.gsmarena

Yè Yan


Posted via Blogaway

Thursday, October 27, 2016

AMOLED display နဲ့ offical ထွက်လာတဲ့ Huawei Enjoy6

AMOLED display နဲ့ offical ထွက်လာတဲ့ Huawei Enjoy6

Huawei မှ Huawei Enjoy 6 လို့အမည်ပေးထားတဲ့ စမတ်ဖုန်း အသစ်ကို တရုတ်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ screen size 5" ရှိပြီး AMOLED display (720p resolution) ကို အသုံးပြုထားပါတယ်။ metal body နဲ့ ဖြစ်ပြီး fingerprint လည်း ပါလာမှာပါ။ octa-core CPU ဖြစ်ပြီး Ram 3GB နဲ့ Internal Storage ကတော့ 16GB ဖြစ်ပါတယ်။ Android 6.0 Marshmallow ဖြစ်ပြီး Emotion UI 4.1. နဲ့ ဖွဲ့စည်းထားပါတယ်။ ကျောဘက် camera 13MP ဖြစ်ပြီး Sefile camera ကတော့ 5MP ဖြစ်ပါတယ်။ SIM နှစ်ကဒ် သုံးလို့ရမှာဖြစ်ပြီး 4G LTE အသုံးပြုလို့ ရမယ့်အပြင် VOLTE လည်း ပါလာမှာပါ။ Battery ကတော့ 4,100mAh ဖြစ်ပါတယ်။ Huawei Enjoy 6 ကို Pink, White, Gold, Blue and Gray ဆိုပြီး အရောင် ၅ မျိုးနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ $190 တည်းနဲ့ November 1 မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref,gsmarena

Yè Yan



Posted via Blogaway

အရွယ်အစား ၃ မျိုးနဲ့ ထွက်လာမယ့် iPhone 8

အရွယ်အစား ၃ မျိုးနဲ့ ထွက်လာမယ့် iPhone 8

Apple ဟာ iPhone 7 နဲ့ 7 Plus ကို ဒီနှစ်ထုတ်ခဲ့ပါတယ်။ နောက်နှစ်မှာ iPhone 8 ကတော့ 4.7လက်မ၊ 5.5 လက်မ နဲ့ 5 လက်မ ဆိုပြီး အရွယ်အစား ၃ မျိုးနဲ့ထွက်လာမှာပါ။ ဖုန်းရဲ့ ကျောဘက်ကို ဖန်သားနဲ့ ပြုလုပ်မှာဖြစ်ပြီး ဖုန်းကိုယ်ထည်ကိုတော့ သတ္တုကိုယ်ထည် (metal frame) နဲ့ ထုတ်မှာဖြစ်ပါတယ်။ Dual-curve screen ဖြစ်ပြီး Samsung ရဲ့ Super AMOLED ကို အသုံးပြုမယ်လို့သိရပါတယ်။ ကြိုးမဲ့ အားသွင်းစနစ် ( Wireless charging) လည်း ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

Monday, October 24, 2016

$69.99 သာကျသင့်မည့် ZTE Tempo

$69.99 သာကျသင့်မည့် ZTE Tempo

25 OCTOBER 2016

ZTE မှ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ZTE Tempo လို့ အမည်ပေးထားပြီး Screen size 4.5-inch ရှိပါတယ်။ CPU ကတော့ 1.1 GHz quad-core Cortex-A7 processor ဖြစ်ပြီး 4G LTE သုံးလို့ ရမှာပါ။ ကျောဘက် camera 5MP နဲ့ sefile camera ကတော့ 2MP ဖြစ်ပါတယ်။ Ram 1GB နဲ့ System memory 8GB ဖြစ်ပြီး SD ကဒ် ထည့်သွင်းလို့ရမှာပါ။ FM radio ဖမ်းယူလို့ရမှာ ဖြစ်ပြီး Battery capacity ကတော့ 2,200 mAh ရှိမှာပါ။
Android Version ကတော့ 6.0 Marshmallow ဖြစ်ပါတယ်။ $69.99 နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

S Pen နဲ့ ထွက်လာမယ့် Samsung Galaxy Tab A 10.1 (2016)


S Pen နဲ့ ထွက်လာမယ့် Samsung Galaxy Tab A 10.1 (2016)

25 OCTOBER 2016

Samsung ဟာ သူ့ရဲ့ Tablet အမျိုးအစား အသစ်ကို US ဈေးကွက်မှာ October 28 မှာ စတင်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ Galaxy Tab A 10.1 (2016) လို့ အမည်ပေးထားပြီးတော့ S Pen ရော ပါလာမှာပါ။ $349.99 နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ Tablet ဖုန်းဟာ Wi-Fi-only version ဖြစ်ပြီး LTE မရပါဘူး။ RAM 3GB နဲ့ Internal memory ကတော့ 16GB ဖြစ်ပါတယ်။ မျက်နှာပြင် 10.1-inch ရှိမှာဖြစ်ပြီး ကျောဘက် camera 8MP နဲ့ sefile camera ကတော့ 2MP ဖြစ်ပါတယ်။ microSD ထည့်သွင်းလို့ရမှာ ဖြစ်ပြီး Battery ကတော့ 7,300 mAh ဖြစ်ပါတယ်။ 1.6 GHz octa-core Cortex-A53 CPU ကို ထည့်သွင်းထားပြီး Android Version ကတော့ 6.0 Marshmallow ဖြစ်ပါတယ်။

Ref,gsmarena

Yè Yan








Posted via Blogaway

Samsung Galaxy S5 mini အတွက် Android version 6.0.1 (Marshmallow)ကို မြှင်တင်နိုင်


Samsung Galaxy S5 mini အတွက် Android version 6.0.1 (Marshmallow)ကို မြှင်တင်နိုင်

Samsung ဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Samsung Galaxy S5 mini အတွက် Android Version အသစ်ကို စတင်ခဲ့ပါတယ်။ အဆိုပါ update ကို လက်ရှိရုရှားနိုင်ငံတွင် စတင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Marshmallow (version 6.0.1) သို့ မြှင့်တင်နိုင်ရန်အတွက် 800MB ကို download ပြုလုပ်ရမှာဖြစ်ပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

Sunday, October 23, 2016

မျက်နှာပြင် အခုံးနဲ့ ထွက်လာမယ့် Huawei Mate 9 Pro

မျက်နှာပြင် အခုံးနဲ့ ထွက်လာမယ့် Huawei Mate 9 Pro

23 OCTOBER 2016

Huawei မှ အသစ်ထွက်လာမယ့် Huawei Mate 9 Pro ဟာ QHD display 1080p resolution နဲ့ ဖြစ်ပြီး ဖုန်းမျက်နှာပြင်အခုံးနဲ့ ထွက်လာမှာပါ။ ဖုန်းရဲ့ မျက်နှာပြင် (screen size) ကတော့ phablet အရွယ်အစား ၆ လက်မ နဲ့ ထွက်လာမှာဖြစ်ပါတယ်။ RAM 4GB နဲ့ Internal Memory ကတော့ 64GB ဖြစ်ပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ Leica camera (၂) လုံး (Dual camera) ကို တပ်ဆင်ထားပါတယ်။ November 3 မှာ ရောင်းချပေးမယ်လို့ သိရပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

Friday, October 21, 2016

အသစ်ထွက်လာမယ့် Samsung Galaxy On Nxt

အသစ်ထွက်လာမယ့် Samsung Galaxy On Nxt

1 OCTOBER 2016

Screen Size  5.5-inch, FullHD display နဲ့ အသစ်ထွက်လာတဲ့ samsung Galaxy On Nxt ဟာ Battery Capacity 3,300mAh ပါလာမှာ ဖြစ်ပါတယ်။ 1.6GHz octa-core CPU ဖြစ်ပြီးပြီးတော့ RAM ကတော့ 2GBနဲ့ Internal Storage ကတော့ 32 GB ပါဝင်လာပါတယ်။ SD ကဒ် ထပ်စိုက်လို့ရမှာဖြစ်ပါတယ်။ ကျောဘက် Camera 13MP နဲ့ 8MP selfie camera နှစ်ခုလုံးဟာ aperture  f/1.9 နဲ့ ဖွဲ့စည်းထားပါတယ်။ 4G LTE အသုံးပြုလို့ရမှာဖြစ်ပြီးတော့ Wi-Fi ကိုလည်း 2.4GHz ရှိတဲ့ networks တွေမှာ အသုံးပြုလို့ရမှာပါ။ Bluetooth v4.1 ဖြစ်ပြီးတော့ NFC စနစ်တော့ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဖုန်းရဲ့ အထူကတော့ 3.5mm ဖြစ်ပြီး အလေးချိန် 167g သာရှိမှာ ဖြစ်ပါတယ်။ Home Buttom ကို နှစ်ချက်နှိပ်ခြင်းဖြင့် Fingerprint reader အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ customer များအနေနဲ့ ရွှေရောင်နဲ့ အနက်ရောင် အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ $275 နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref,gsmarena

Yè Yan


Posted via Blogaway

Thursday, October 20, 2016

Samsung Galaxy C9 Pro

Samsung Galaxy C9 Pro

21 OCTOBER 2016

ဒီတစ်ခါ Samsung မှ အသစ်ထွက်လာပြန်တဲ့ Galaxy C9 Pro ကတော့ screen size 6" နဲ့ ဖြစ်ပါတယ်။
RAM ကတော့ 6GB, Internal Storage  64GB ဖြစ်ပြီး SD ကဒ် ထပ်ထည့်လို့ရမှာ ဖြစ်ပါတယ်။ကျောဘက်ကင်မရာ 16 MP (with f/1.9 aperture) နဲ့ Sefile Camera ကလည်း 16MP ပဲ ဖြစ်ပါတယ်။ NFC စနစ်, a USB Type-C port နဲ့  Samsung Pay (including through MST) စနစ်တို့ကိုလည်း ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ အထူကတော့ 6.9mm ရှိပါတယ်။
Screen Resolution ကတော့ 1080p ဖြစ်ပြီး 4G LTE ကိုလည်း အသုံးပြုလို့ ရမှာပါ။ Android 6.0.1  Marshmallow နဲ့ Battery ကတော့ 4,000 mAh ဖြစ်ပါတယ်။ $474 နဲ့ တရုတ်ပြည်မှာ ဒီနေ့ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Thanks for the tip, Samsung leaker!

Yè Yan


Posted via Blogaway