Tuesday, February 7, 2017

သင့်စမတ်ဖုန်း battery ကို လျင်မြန်စွာ အားပြည့်အောင် software မလိုပဲ ဘယ်လို အားသွင်းမလဲ

ယခုခေတ်မှာ လူတော်တော်များများဟာ သူတို့ရဲ့ တစ်နေ့တာအချိန် 50% ကို Smart Phone များနဲ့ အချိန်ကုန်ကြပါတယ်။ အဲလိုမျိုး အချိန်ပြည့် သုံးစွဲဖို့အတွက် အားသွင်းရန် အချိန်လိုလာပါတယ်။ အချိန်များမလိုပဲ အချိန်တိုတိုနဲ့ ဖုန်းအားပြည့်ဖို့ နည်းတွေလိုအပ်လာမှာပါ။

အခုပြောပြပေးမယ်နည်းလမ်းတွေကို ပြုလုပ်ဖို့အတွက် (2) မျိုးပဲ လိုပါမယ်။

(1) Android ဖုန်းတစ်လုံး
(2) အနည်းငယ်စိတ်ရှည်ဖို့ လိုအပ်ပါမယ်။ 😃😃😃
#Yè Yan

နည်းလမ်း (၁) ပထမဆုံးနည်းလမ်းကတော့ ဖုန်းအားသွင်းစဉ်မှာ ဖုန်းကို (Airplane mode or flight mode) လေယာဉ်ပျံ ပုံစံပြထားရပါမယ်။ အဲလိုမျိုးပြလုပ်ထားရင် ဖုန်းလိုင်းများ မမိတော့ပါဘူး။ ဒါကြောင့် ဘက်ထရီကုန် သက်သာပြီး အားသွင်းရာမှာလည်း ပုံမှန်အနေအထားနဲ့ သွင်းတာထက် 40% ပိုမြန်စေမှာပါ။ #Yè Yan

နည်းလမ်း (၂) ဒီနည်းလမ်းကိုတော့ စမတ်ဖုန်း အသုံးပြုသူတိုင်း ကျွမ်းကျင်စွာ လုပ်တတ်မယ်လို့ ထင်ပါတယ်။ ဖုန်းအားမသွင်းမှီ ဖုန်းကို (shut down) စက်ပိတ်ထားရပါမယ်။ ဖုန်းကို စက်ပိတ်ထားတဲ့အတွက်ကြောင့် ဘက်ထရီကုန်ဆုံးမှု လုံးဝရှိမှာမဟုတ်ပါဘူး။ သာမန်အနေအထားနဲ့ အားသွင်းတာထက် 60% လောက် ပိုမြန်စေမှာပါ။ #Yè Yan

နည်းလမ်း (၃) တတိယနည်းလမ်းကတော့ ဖုန်းအားသွင်းတဲ့အချိန်မှာ အင်တာနက်(mobile data), ဝိုင်ဖိုင် (wifi), GPS နဲ့ Bluetooth တို့ကို ပိတ်ထားပေးပါ။ ဒီလိုပိတ်ထားခြင်းဖြင့် ဖုန်းအားသွင်းစဉ်အတွင်း Overheating ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။ #Yè Yan

နည်းလမ်း (၄) သင့်ရဲ့ဖုန်းကို ကွန်ပျူတာ USB ကနေ အားမသွင်းပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာရဲ့ USB port က output speed နည်းတဲ့အတွက်ကြောင့် ဖုန်းအားသွင်းရာမှာ နှေးကွေးစေပါတယ်။ #Yè Yan

No comments:

Post a Comment