Tuesday, February 28, 2017
MWC 2017 မှာ ပြသမယ့် Meizu ရဲ့ Super mCharge
ယခု စပိန်နိုင်ငံ Barcelona(ဘာစီလိုနာ) မြို့တွင်ကျင်းနေသော MWC 2017 တွင် Meizu မှ ယနေ့ 28.2.2017 တွင် Super mCharge ကို ပြသ သွားမည်ဖြစ်ပါတယ်။ အဆိုပါ Super mCharge သည် 3000mAh ရှိသော Battery ကို (20) မိနစ် တည်းဖြင့် အားအပြည့် သွင်းနိုင်မည်ဟု သိရပါတယ်။ Meizu ရဲ့ ပြောဆိုချက်အရ သူတို့ရဲ့ Super mCharge ဟာ iPhone 7 Plus ရဲ့ charging ထက် 11 ဆ နဲ့ Samsung Galaxy S7 Edge ရဲ့ fast charging ထက် 3.6 ဆ ပိုမို မြန်ဆန်မယ်လို့ သိရပါတယ်။
#Yè_Yan
#Source_gadgets
Posted via Blogaway
Tuesday, February 21, 2017
________________
[Unicode]
Samsung Galaxy Note 7 ကို နည်းစနစ်ပိုင်းပြု ပြင်ကာ ပြန်လည်ရောင်းချမည်
Samsung ဟာ သူတို့ရဲ့ Note Series ရဲ့ စမတ်ဖုန်းအသစ် Note 7 ကို ထုတ်လုပ်ခဲ့ရာမှာ ဖုန်းရဲ့ ဘက်ထရီပြသနာကြောင့် စမတ်ဖုန်းသုံးစွဲသူများကြားမှာ ဖုန်း ဘက်ထရီ လောင်ကျွမ်းခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့ကြောင့် Note 7 ထုတ်လုပ်မှုကို ရပ်တန့်ပြီး  ကမ်ဘာတစ်ဝှမ်းလုံးမှာရောင်းချထားတဲ့
Galaxy Note 7 အလုံးရေ 3.06 million
ရဲ့ 98 ရာခိုင်နှုန်းကို သုံးစွဲသူများအား ငွေပြန်ပေးကာ ပြန်လည်သိမ်းဆည်းရယူနိုင်ခဲ့ပြီး ငွေကြေးများစွာ ဆုံးရှုံးခဲ့ပါတယ်။  ယခုအခါမှာတော့ Samsung ဟာ ၄င်း Note 7 စမတ်ဖုန်းကို နည်းစနစ်ပိုင်းပြုပြင်ပြောင်းလဲမှုလုပ်ပြီး ပြန်လည်ရောင်းချဖို့ စီစဉ်လာပါတယ်။ အရင် Note 7 ရဲ့ ဘက်ထရီ သိုလှောင်အားကတော့ 3500mAh ဖြစ်ပြီး ယခုပြန်လည်ထုတ်လုပ်မယ့် Note7 များမှာတော့ Battery Capacity 300mAh လျော့နည်းကာ 3200mAh သာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဘက်ထရီမှအပ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ processor,memory,storage,camera, အစရှိတဲ့အရာတွေကတော့ နဂို Galaxy Note 7 နဲ့ အကုန်အတူတူပဲ ဖြစ်ပါတယ်။ India နဲ့ Vietnam မှာ June လ၊  2017 မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
Samsung ရဲ့ Galaxy Note 7 အကောင်းမွန်ဆုံးပုံစံနဲ့ ပြန်လာမှာလား ???
Tuesday, February 7, 2017
သင့်စမတ်ဖုန်း battery ကို လျင်မြန်စွာ အားပြည့်အောင် software မလိုပဲ ဘယ်လို အားသွင်းမလဲ
ယခုခေတ်မှာ လူတော်တော်များများဟာ သူတို့ရဲ့ တစ်နေ့တာအချိန် 50% ကို Smart Phone များနဲ့ အချိန်ကုန်ကြပါတယ်။ အဲလိုမျိုး အချိန်ပြည့် သုံးစွဲဖို့အတွက် အားသွင်းရန် အချိန်လိုလာပါတယ်။ အချိန်များမလိုပဲ အချိန်တိုတိုနဲ့ ဖုန်းအားပြည့်ဖို့ နည်းတွေလိုအပ်လာမှာပါ။
အခုပြောပြပေးမယ်နည်းလမ်းတွေကို ပြုလုပ်ဖို့အတွက် (2) မျိုးပဲ လိုပါမယ်။
(1) Android ဖုန်းတစ်လုံး
(2) အနည်းငယ်စိတ်ရှည်ဖို့ လိုအပ်ပါမယ်။ 😃😃😃
#Yè Yan
နည်းလမ်း (၁) ပထမဆုံးနည်းလမ်းကတော့ ဖုန်းအားသွင်းစဉ်မှာ ဖုန်းကို (Airplane mode or flight mode) လေယာဉ်ပျံ ပုံစံပြထားရပါမယ်။ အဲလိုမျိုးပြလုပ်ထားရင် ဖုန်းလိုင်းများ မမိတော့ပါဘူး။ ဒါကြောင့် ဘက်ထရီကုန် သက်သာပြီး အားသွင်းရာမှာလည်း ပုံမှန်အနေအထားနဲ့ သွင်းတာထက် 40% ပိုမြန်စေမှာပါ။ #Yè Yan
နည်းလမ်း (၂) ဒီနည်းလမ်းကိုတော့ စမတ်ဖုန်း အသုံးပြုသူတိုင်း ကျွမ်းကျင်စွာ လုပ်တတ်မယ်လို့ ထင်ပါတယ်။ ဖုန်းအားမသွင်းမှီ ဖုန်းကို (shut down) စက်ပိတ်ထားရပါမယ်။ ဖုန်းကို စက်ပိတ်ထားတဲ့အတွက်ကြောင့် ဘက်ထရီကုန်ဆုံးမှု လုံးဝရှိမှာမဟုတ်ပါဘူး။ သာမန်အနေအထားနဲ့ အားသွင်းတာထက် 60% လောက် ပိုမြန်စေမှာပါ။ #Yè Yan
နည်းလမ်း (၃) တတိယနည်းလမ်းကတော့ ဖုန်းအားသွင်းတဲ့အချိန်မှာ အင်တာနက်(mobile data), ဝိုင်ဖိုင် (wifi), GPS နဲ့ Bluetooth တို့ကို ပိတ်ထားပေးပါ။ ဒီလိုပိတ်ထားခြင်းဖြင့် ဖုန်းအားသွင်းစဉ်အတွင်း Overheating ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။ #Yè Yan
နည်းလမ်း (၄) သင့်ရဲ့ဖုန်းကို ကွန်ပျူတာ USB ကနေ အားမသွင်းပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာရဲ့ USB port က output speed နည်းတဲ့အတွက်ကြောင့် ဖုန်းအားသွင်းရာမှာ နှေးကွေးစေပါတယ်။ #Yè Yan