Tuesday, September 27, 2016

What is VOLTE? VOLTE ဆိုတာဘာလဲ?

"VOLTE" ဆိုတာ "Voice Over LTE" ဆိုတဲ့ စကားလုံးရဲ့ အတိုကောက် (shortcut) ဖြစ်ပါတယ်။ VOLTE ဟာ 4G LTE network ပေါ်မှာ ခေါ်ဆိုနိုင်တဲ့ အသံ call (voice call) ဖြစ်ပြီးတော့ သူဟာ 2G/3G network ပေါ်မှာ ခေါ်ဆိုတဲ့ voice call ထက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။ 4G network ဟာ 2G/3G network တွေထက် downloading, streaming and web browsing လုပ်ရတာပိုမိုကောင်းမွန်သလိုပဲ ဖုန်းခေါ်ဆိုမှုတွေကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။

VOLTE ရဲ့ အဓိကသာလွန်ကောင်းမွန်တဲ့  အချက်ကတော့ 2G/3G network တွေထက် call quality ကောင်းမွန်ခြင်းဖြစ်ပါတယ်။ 4G network ခေါ်ဆိုတဲ့ voice call (VOLTE) ဟာ 3G network မှာ အသုံးပြုတဲ့ voice call ထက် 3ဆ ပိုမိုရှင်းလင်းစွာ ကြားရပြီးတော့ 2G voice call ထက် 6ဆ ပိုမိုရှင်းလင်းတိကျစွာ ကြားရပါမယ်။

Yè Yan
Thanks to 4Gco.uk


Posted via Blogaway

No comments:

Post a Comment