ကျောဘက် ကင်မရာနှစ်လုံးပါဝင်သော sim card နှစ်ကဒ်သုံးနိုင်တဲ့ စမတ်ဖုန်းကို Xiaomi ထုတ်
Xiaomi ရဲ့ RedMi Pro လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းဟာ ကျောဘက်ကင်မရာ နှစ်ခုပါရှိပါတယ်။ camera တစ်ခုက 13MP Sony IMX258 sensor နဲ့ နောက်တစ်ခုက 5MP Samsung sensor ဖြစ်ပါတယ်။ အဲဒီ camera နှစ်လုံးဟာ DSLR-quality ရှိတဲ့ ဓာတ်ပုံတွေကို ပေးစွမ်းနိုင်မှာပါ။ ပြီးတော့ OLED display နဲ့ ပြုလုပ်တဲ့ xiaomi ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ $300 အောက် ရောင်းချပေးသွားမှာပါ။ Screen size 5.5 inch,resolution 1080p OLED display , FingerPrint Sensor လည်း ပါဝင်ပြီးတော့ နှစ်ကဒ်ထိုးသုံးလို့လည်း ရပါတယ်။ Battery Capacity ကတော့ 4050mAh ပါဝင်လာပါတယ်။
August 6 ရက်လောက်မှာ gray, black, and gold ဆိုပြီး အရောင် (၃)ရောင်နဲ့ တရုတ်ပြည်ကနေ စတင်ပြီး ရောင်းချသွားမှာပါ။
Internal Storage 32GB + RAM3GB ဆိုရင် $224 , Internal 64GB + 3GB RAM option က $254 နဲ့ Internet 128GB + 4GB of RAM ဆိုရင်တော့ $ 299 နဲ့ ရောင်းချပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
Ref, Verge
Yè Yan
www.facebook.com/yeyan-ngape
Posted via Blogaway
No comments:
Post a Comment