Monday, December 28, 2015
Credit -
=========
Ref: Reddit
xxxxxxxxxxxxxxxx
"How To"
Facebook Messenger မှာ စစ်တုရင် ကစားမယ်
=========
Facebook Messenger အသုံးပြုသူများအတွက် Facebook Messenger မှာ စစ်တုရင် ကစားခြင်း ကို command များ အသုံးပြုပြီး ကစားနိုင်မှာဖြစ်ပါတယ်။ Facebook Messenger ကနေ စစ်တုရင် ကစားမယ်ဆိုရင် ကိုယ်နဲ့ ကစားမယ့် ကိုယ့်ရဲ့Facebook ကသူငယ်ချင်း အကောင့်ကို @fbchess play ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရပါမယ်။
ဒါဆိုရင် Chess Game ကို စတင်ပြီဖြစ်ပြီး ဘယ်သူ က ဘယ်အရောင် ဆိုတာကို ဖော်ပြပေးပါ လိမ့်မယ်။ ဒီနေရာမှာ ကိုယ်က မိမိစိတ်ကြိုက်အရောင်ရွေးချယ်မယ်ဆိုရင် @fbchess play white/black နှစ်သက်ရာအရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
ကစားသူဟာ Pawn ကို စရွှေ့မယ်ဆိုရင် @fbchess P ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ ဒီနေရာမှာ P ဆိုတာ Pawn ကို ကိုယ်စားပြုတဲ့ command ဖြစ်ပါတယ်။ အကွက်ရွှေ့မယ်ဆိုရင်တော့ အက္ခရာ a ကနေ h အထိ ပေးထားပြီး ဒေါင်လိုက်အနေနဲ့ နံပါတ် ၁ ကနေ ၈ အထိ ပေးထားပါတယ်။ ဒါကတော့ ကိုယ်ဘယ်အက္ခရာလိုင်းက Chess အကောင်ကို ဘယ်နံပါတ်ကိုရွှေ့မယ်ဆိုတာကို သတ်မှတ်နိုင်ရန်အတွက်  ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ ဘုရင် အပေါ်က Pawn ကိုရွှေ့မယ်ဆိုရင် @fbchess Pe3 ဆိုတဲ့ command ကိုအသုံးပြုနိုင်ပါတယ်။ အကယ်၍ အလွယ်တကူ command ကို အသုံးပြုမယ်ဆိုရင် @fbchess e3 ဆိုတဲ့ command နဲ့ ဘုရင်အပေါ်ဘက်က Pawn ကို အပေါ်တစ်ကွက်ရွှေ့နိုင်ပါတယ်။
နောက်တစ်ခုကတော့ Knight ကိုရွှေ့မယ်ဆိုရင် အသုံးပြုရမယ့် Command ကတော့ @fbchess N ကိိုအသုံးပြုရပါမယ်။ ဥပမာ အနေနဲ့ အနက်ရောင်ဘက်က Knight ကို အကွက် C နံပါတ် ၆ နေရာကို ရွှေ့ မှာ ဖြစ်တဲ့အတွက် @fbchess Nbc6 ဆိုတဲ့ command နဲ့ Knight ကို ရွှေ့နိုင်မှာဖြစ်ပါတယ်။
ပုံမှာ ပြထားတဲ့အတိုင်းဆိုရင် Knight ဟာ Pawn ကို စားနိုင်တဲ့အကွက်ထဲရောက်နေပြီဖြစ်ပါတယ်။ ဒီတော့ Knight ဟာ Pawn ကို စားမှာဖြစ်တဲ့အတွက် Knight ကိုယ်စားပြုတဲ့ command ကိုအရှေ့မှာ ထားပေးပါ။ ပြီးသွားရင် အကွက် C မှာ ရှိတဲ့အတွက် C ကိုထည့်သွင်းပေးရပါမယ်။ ကိုယ်စားမယ့် Pawn ဟာ d4 မှာရှိတဲ့အတွက် d4 ဆိုတာကို ထည့်သွင်းပေးရပါမယ်။ ဒီနေရာမှာ Pawn ကို စားမှာဖြစ်တဲ့အတွက် Knight ရဲ့ နေရာ နဲ့ စားမယ့်နေရာ ရဲ့ ကြားထဲမှာ X ကိုထည့်သွင်းပေးရပါမယ်။ ဥပမာအနေနဲ့ @fbchess Ncxd4 ဆိုတဲ့ command ကို အသုံးပြုရပါမယ်။
နောက်ထပ် Bishop ကို အသုံးပြုမယ်ဆိုရင် ရိုက်ထည့်ပေးရမယ့် command က B ဖြစ်ပါတယ်။ ဥပမာ @fbchess Bd3 ဒါကတော့ Bishop ကို အကွက် D နံပါတ် ၃ ကိုရွှေ့မှာဖြစ်တဲ့အတွက် ဥပမာပေးတဲ့ command ပဲဖြစ်ပါတယ်။
သင့်ရဲ့ Pawn ဟာ ပြိုင်ဘက်ရဲ့ အထက်ဘက်ကိုရောက်သွားတဲ့အခါမှာ Pawn ကို Promote လုပ်ဖို့ အတွက် = ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ Castle နဲ့ King ကို နေရာချိန်းချင်ရင်တော့ @fbchess O-O ဆိုတဲ့ Command ကို အသုံးပြုနိုင်ပါတယ်။
အကယ်၍ သင်ဟာ ကစားပွဲက ထွက်လိုတယ်ဆိုရင် @fbchess resign ကို ရိုက်ထည့်ပြီး ကစားပွဲကနေ ထွက်ခွာနိုင်ပါတယ်။ ကစားနေ ရင်း Facebook Messenger မှာ စကားပြောနေတယ်ဆိုရင် @fbchess continue ဆိုတဲ့ command ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ်နဲ့ ကစားတဲ့ ကစားဖော်ရဲ့ ပွဲရလဒ်တွေ ကိုကြည့်ချင်ရင်တော့ @fbchess stats ဆိုပြီး ကြည့်ရှုနိုင်ပါတယ်။
ကစားနေရင်းနဲ့ အသုံးပြုတဲ့ command တွေကို သိချင်ရင်တော့ @fbchess help ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။
Ref: Reddit
အဆင်​​ပြေပါ​စေ
Yè Yan
No comments:
Post a Comment